သင်းအုပ်များ/နှင့် သင်းထောက်များ/၌ ရှိရမည့် အရည်အချင်းများ
3
“တစ်စုံတစ်ယောက်/သည် သင်းအုပ်/အဖြစ် ဆောင်ရွက်/ရန် ဆန္ဒ/ပြင်းပြ/လျှင် ထို/သူ/သည် မွန်မြတ်သည့်/အမှု/ကို တောင့်တသူ/ဖြစ်၏” ဟူသော စကား/သည် လုံးဝ/မှန်သော/စကား ဖြစ်၏။ 2 သင်းအုပ်/သည် အပြစ်ဆိုဖွယ်/မရှိသူ၊ မယား/တစ်ယောက်တည်း/ရှိသူ၊ ကိုယ်ကျင့်တရား/စောင့်ထိန်းသူ၊ မိမိကိုယ်ကိုယ် ချုပ်တည်းသူ၊ လေးစားထိုက်သူ၊ ဧည့်ဝတ်ကျေသူ၊ သင်ပြတတ်သူ ဖြစ်ရမည်။ 3 သူ/သည် သောက်စား/မူးယစ်သူ၊ ခက်ထန်/ကြမ်းကြုတ်သူ၊ ခိုက်ရန်/ဖြစ်ပွားသူ၊ ငွေမက်သူ/မဟုတ်ဘဲ ထောက်ထား/ညှာတာသူ ဖြစ်ရမည်။ 4 သူ/သည် မိမိ/အိမ်ထောင်/ကို ကောင်းစွာ ဦးဆောင်/စီမံ/နိုင်ပြီး အရာရာ/၌ သားသမီးများ/၏ နာခံ/လေးစားမှု/ကို ခံရသောသူ/ဖြစ်ရမည်။ 5 မိမိ/အိမ်ထောင်/ကို ဦးမဆောင်/မစီမံနိုင်/လျှင် ဘုရားသခင်/၏ အသင်းတော်/ကို မည်သို့ ပြုစု/စောင့်ရှောက်/နိုင်မည်နည်း။ 6 သူ/သည် ယေရှု/ကို ယုံကြည်/ခါစ/လူ မဖြစ်ရ။ ထိုသို့/မဟုတ်/ပါက သူ/သည် ဘဝင်မြင့်/လျက် မာရ်နတ်/ခံရသည့်/ပြစ်ဒဏ်/အတိုင်း ခံရ/လိမ့်မည်။ 7 သူတစ်ပါး ကဲ့ရဲ့/ရှုတ်ချခြင်း/မခံရ/စေရန်/နှင့် မာရ်နတ်/၏ ကျော့ကွင်း/ထဲသို့ မကျရောက်/စေရန် သူ/သည် အသင်းတော်/ပြင်ပ/တွင် ဂုဏ်သရေ/ရှိသူ ဖြစ်ရမည်။
8 ထိုနည်းတူ သင်းထောက်တို့/သည် ကိုယ်ကျင့်တရား/ကောင်းသူ ဖြစ်ရမည်။ လျှာ/နှစ်ခွ/ဖြင့် ပြောဆိုတတ်သူ၊ သေရည်သေရက်/သောက်ကြူးသူ၊ မသမာနည်း/ဖြင့် ငွေရှာသူ/မဖြစ်ရ။ 9 သူတို့/သည် ယုံကြည်ခြင်း/တရား/၏ လျှို့ဝှက်/နက်နဲသော/အမှန်တရား/ကို လိပ်ပြာသန့်သန့်/ဖြင့် ဆက်လက်/ယုံကြည်သူများ/ဖြစ်ရမည်။ 10 ထို/သူတို့/သည် ဦးစွာ စစ်ဆေးခံရမည်။ သူတို့/၌ အပြစ်ဆိုဖွယ်/မရှိ/လျှင် သင်းထောက်/အဖြစ် ခန့်အပ်/နိုင်၏။
11 ထိုနည်းတူ သူတို့/၏ ဇနီးတို့a/သည်လည်း ကိုယ်ကျင့်တရား/ကောင်းသူများ/ဖြစ်ရမည်။ အတင်းအဖျင်း/မပြောသူ၊ ကိုယ်ကျင့်တရား/စောင့်ထိန်းသူ၊ အရာရာ/၌ ယုံကြည်/စိတ်ချရသူ ဖြစ်ရမည်။ 12 သင်းထောက်/သည် မယား/တစ်ယောက်တည်း/ရှိသူ၊ သားသမီးများ/နှင့် အိမ်သူအိမ်သားများ/ကို ကောင်းစွာ ဦးဆောင်/စီမံနိုင်သူ ဖြစ်ရမည်။ 13 မိမိ/တာဝန်/ကို ကောင်းစွာ ထမ်းဆောင်သော သင်းထောက်/သည် နာမည်ကောင်း/ရ/၍ ယေရှု/ခရစ်တော်/ကို ယုံကြည်သည့်/အကြောင်း ရဲဝံ့/စွာ ပြောနိုင်၏။
နက်နဲ/ဆန်းကြယ်သော ယုံကြည်ခြင်း/တရား
14 သင့်/ထံသို့ အမြန်/လာ/နိုင်ရန် မျှော်လင့်/သော်လည်း ဤ/အရာများ/ကို ဦးစွာ ရေးပို့လိုက်ပါ၏။ 15 သို့မှသာ ကျွန်ုပ်/၏/ခရီး ကြန့်ကြာနေခဲ့လျှင်/လည်း ဘုရားသခင်/၏ အိမ်တော်/တွင် မည်သို့ ပြုမူရမည်/ကို သင်/သိနိုင်မည်။ ထို/အိမ်တော်/သည် အသက်ရှင်သော/ဘုရားသခင်/၏ အသင်းတော်/ဖြစ်ပြီး သမ္မာတရား/၏ မဏ္ဍိုင်/နှင့် အုတ်မြစ်/လည်း ဖြစ်၏။
16 ကျွန်ုပ်တို့/၏ ယုံကြည်ခြင်း/တရား နက်နဲ/ဆန်းကြယ်ပုံ/သည် အမှန်တကယ်/ကြီးမြတ်/လှ၏။
 
သခင်ဘုရား/သည် လူသား/အဖြစ် ကြွလာတော်မူခဲ့ပြီး
ဘုရားသခင်/၏ သားတော် စစ်မှန်ကြောင်း ဝိညာဉ်တော်/အားဖြင့် ဖော်ပြခြင်း/ခံရတော်မူ၏။
ကိုယ်တော်/ကို ကောင်းကင်တမန်တို့ မြင်ကြ၏။
ကိုယ်တော်/အကြောင်း/ကို လူမျိုးခြားတို့/ထံ ဟောပြောကြ၏။
ကိုယ်တော်/ကို ကမ္ဘာလောကသားတို့ ယုံကြည်ကြ၏။
ကိုယ်တော်/ကို ဘုန်းအသရေ/နှင့်တကွ ကောင်းကင်ဘုံ/သို့ ဘုရားသခင်/ခေါ်ယူတော်မူ၏။